ဗကသများအဖွဲ့ချုပ်သို့ ဆက်သွယ်ရန် လိပ်စာများ
▪️ဗဟိုစည်းရုံးရေးကော်မတီ - [email protected]
▪️နိုင်ငံခြားရေးကော်မတီ - [email protected]
▪️သတင်းနှင့်ပြန်ကြားရေးကော်မတီ - [email protected]
မြင်းခြံနဲ့ မြောင်မှာ ဗကသများအဖွဲ့ချုပ်က လက်ကမ်းစာစောင်ဖြန့်ဝေ
နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၆
မြောင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ "တကိုယ်ရည်ထွက်ပေါက်နှင့်လက်သည်၏ တာဝန်" ဆောင်းပါးကို မြင်းခြံမြို့နယ်နဲ့ မြောင်မြို့နယ်မှာ ဖြန့်ဝေခဲ့ကြပါတယ်။
ဒီဆောင်းပါးကိုတော့ မြင်းခြံနဲ့ မြောင်မြို့နယ်ထဲက ဒေသခံလူထုကြားမှာ ဖြန့်ဝေခဲ့ပြီး မြောင်မြို့နယ်ထဲက လူထုအခြေပြုကျောင်းမှာလည်း ဖြန့်ဝေခဲ့ကြပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #whathappeninginmyanmar
#မြင်းခြံ #မြောင်
မြိုင်မှာ ဗကသများအဖွဲ့ချုပ်က လက်ကမ်းစာစောင်ဖြန့်ဝေ
နို၀င်ဘာလ ၇ရက် ၊ ၂၀၂၆
မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မြိုင်မြို့နယ်တနေရာမှာ "တကိုယ်ရည်ထွက်ပေါက်နှင့် လက်သည်၏ တာ၀န်" ဆောင်းပါးကို ဖြန့်ဝေခဲ့ပါတယ်။
ဆောင်းပါးကိုတော့ မြို့နယ်ထဲက ဒေသခံလူထုနဲ့ လူထုအခြေပြုကျောင်းတွေမှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ကနီမှာ ဗကသများအဖွဲ့ချုပ်က လက်ကမ်းစာစောင်ဖြန့်ဝေ
နို၀င်ဘာလ ၇ရက် ၊ ၂၀၂၆
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကနီမြို့နယ်တနေရာမှာ "တကိုယ်ရည်ထွက်ပေါက်နှင့် လက်သည်၏ တာ၀န်" ဆောင်းပါးကို ကျောင်းသားထုနဲ့ လူထုထံဖြန့်ဝေခဲ့ပါတယ်။
ဆောင်းပါးထဲမှာတော့ လူထုရဲ့ စီးပွားရေး အကျပ်အတည်း နဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် နေထိုင်မှ မည်မျှကျပ်တည်းလာကြောင်း၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မည်သို့ တုန့်ပြန်သင့်ကြောင်းကို ပေါ်လွင်အောင် ရေးသားထားပါတယ်။
ဆောင်းပါးကိုတော့ ကနီမြို့နယ်ထဲက ကျေးရွာ နှစ်ရွာရဲ့ လူစည်ကားတဲ့နေရာတွေမှာ ဖြန့်ဝေခဲ့ပြီး ကျောင်းသားထုနဲ့ လည်း ဆောင်းပါးပေါ်အခြေခံတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
လူ့ဘောင်သစ်ဒီမ်ိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၈) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပ်ို့သော သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၁၃/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုဘက်မှာ ရပ်တည်တိုက်ပွဲဝင်ခဲ့တာ (၃၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီအရေးတိုက်ပွဲတွေမှာ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးပါတီတရပ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဂုဏ်ပြုအပ်ပါတယ်။
ယခု နွေဦးတော်လှန်ရေးမှာလည်း ပါတီတစုံလုံးက ပြည်သူလူထုအကျိုးကို ရှေးရှုပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့တာဟာ ပါတီရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ လူထုနဲ့အတူရပ်တည်မှုတို့ကိုပြသနေတာပဲ ဖြစ်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ရှေ့ဆက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ လူထုလွတ်မြောက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်န်ိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၃၈) နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို သဝဏ်လွှာပေးပို့အပ်ပါတယ်။
"လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အဓွန့်ရှည်ပါစေ"
"စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးပါစေ"
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
Condemn the Fascist Military’s Airstrikes in Kyauktaw, Rakhine
On September 28, 2026, the fascist military junta carried out airstrikes around Kyauktaw, India Market, and the Kissapanadi Bridge, massacring at least 50 Arakan civilians and injuring 58 more. We are deeply saddened and outraged by this atrocity. We also share our deepest condolences with the families of the people who lost their lives, and those who were injured.
Stand with the Arakan masses
People of all ethnicities, Unite
Uproot the common enemy, the fascist military dictatorship
ရက္ခိုင်ပြည် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချခြင်း
ရက်စွဲ - ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်
စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၆ခုနှစ် တွင် ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား ပတ်ဝန်းကျင်တို့အား ဖက်ဆစ် စစ်အုပ်စုမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အာရက္ခပြည်သူ အနည်းဆုံး ၅၀ ဦးသေဆုံးကာ ၅၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြားသိရသဖြင့် လွန်စွာ ဝမ်းနည်းခံပြင်းမိပါသည်။ အသက်ဆုံးရှုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
အာရက္ခပြည်သူလူထုနဲ့အတူ ရပ်တည်ကြ။
လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြ။
ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ။
အိုးဝေစာစောင် အတွဲ ၅၊ အမှတ် ၃
____________________________________
အိုးဝေစာစောင် အတွဲ ၅၊ အမှတ် ၃ ထွက်ရှိလာပါပြီ။ ဒီတခေါက်အိုးဝေ စာစောင်မှာတော့ နိုင်ငံရေး၊ လူမှုရေး၊ နည်းပညာ ပြဿနာတွေနဲ့ အလုပ်သမားရေးတွေအပြင် အခြား ကဗျာတွေ၊ ဆောင်းပါးတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
အိုးဝေစာစောင် အတွဲ ၅၊ အမှတ် ၃ မှာ ပါဝင်တဲ့တဲ့ စာမူတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အထွေထွေအကျပ်အတည်းမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့ (အယ်ဒီတာ့အာဘော်)
ပြင်သစ် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ ကြေညာစာတမ်း
လာ သူငယ်ချင်း
ဆယ်ကျော်သက်တွေအတွက် စိုးရိမ်စရာ AI နဲ့ Sex Chat တဲ့ ပြဿနာ
ခုခံတော်လှန်ခြင်းသည် လူ့အခွင့်အရေး
စစ်ကော်မရှင်ကြောင့် ပိုကျပ်တည်းလာရတဲ့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအခြေအနေ
အိုးဝေစောင်စောင်ကို အောက်ပါလင့်ခ်တွေကနေ တဆင့် ဒေါင်းလုတ်ရယူပြီး ဖတ်ရှုနိုင်ပါတယ်။
tinyurl.com/pcjuwu84 (ဒစ်ဂျစ်တယ်)
tinyurl.com/4x3d4ers (စာစောင်ထုတ်ဝေရန်)
အိုးဝေစာစောင်ကို လွတ်လပ်စွာ ပြန်လည်ထုတ်ယူဖြန့်ဝေနိုင်ပါတယ်။
#Oway #ABFSU #UYSU #Volume5Issue3
မြင်းခြံနဲ့ မြောင်မှာ ၁၉ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗကသ က ပန်းဖလက်ဖြန့်ဝေ
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၆
မြောင်မြို့နယ် ကျောင်းသားများသမဂ္ဂမှ မြင်းခြံမြို့နယ် နဲ့ မြောင်မြို့နယ်က ၁၉ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းဖလက်များဖြန့်ဝေခဲ့ပါတယ်။
မြင်းခြံမြို့နယ်မှာတော့ ဒေသခံလူထုထံ ဖြန့်ဝေခဲ့ပြီး မြောင်မြို့နယ်မှာတော့ ဒေသခံလူထုနဲ့ လူထုအခြေပြုစာသင်ကျောင်းတကျောင်းမှာပါ ဖြန့်ဝေခဲ့ပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ကနီမှာ ရွှေဝါရောင်တော်လှန်ရေး ၁၉ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ကျင်းပပြုလုပ်
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၆
ရွှေဝါရောင်တော်လှန်ရေး ၁၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ ကနီမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
"အထွေအထွေအကြပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့'' စာသားပါဘန်နာကို ကိုင်စွဲပြီး ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ နှင့် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂတို့က ကျင်းပခဲ့တာပါတယ်။
တဆက်တည်းမှာပဲ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းအကြောင်းအရာ ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
၁၉ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗကသ က ပန်းဖလက်ဖြန့်ဝေ
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၆
မြိုင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မြိုင်မြို့နယ်ရှိ လူထုအခြေပြုစာသင်ကျောင်း ၃ ကျောင်းမှာ ၁၉ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းဖလက်တွေ ဖြန့်ဝေခဲ့ကြပါတယ် ။
မကသခေါင်းဆောင်ဟောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၁၂/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်
ဗကသများအဖွဲ့ချုပ်၏ ရေဘေးကူညီရေးလုပ်ဆောင်မှုများ ထုတ်ပြန်ချက်
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆
ဩဂုတ်လတွင် အညာနှင့် ဧရာဝတီဒေသအတွင်း ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူလူထုအနေနှင့် ကြီးမားသည့် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် ဗကသများအဖွဲ့ချုပ်အနေနှင့် စစ်ကိုင်းနှင့် ဧရာဝတီဒေသအတွင်းရှိ ရေဘေးသင့်ဒေသများထံ သွားရောက်ပြီး ဒေသခံပြည်သူများအား လိုအပ်သည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
ဗကသများအဖွဲ့ချုပ်အနေနှင့် နီးစပ်ရာအင်အားစုများနှင့် ပြည်သူလူထု၏ ပါဝင်ထည့်ဝင်မှုတို့ကြောင့် ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း သိန်း ၃၀၀ ကျော် (၃၅,၂၅၉,၂၅၀ ကျပ်) ရန်ပုံငွေလက်ခံရရှိခဲ့သည်။
ရေဘေးသင့်ဒေသခံများအတွက် ကူညီထောက်ပံ့မှုများကို ဩဂုတ်လမှစ၍ စက်တင်ဘာလအထိ လုပ်ဆောင်ခဲ့ပြီး လုံခြုံရေးအခြေအနေများကြောင့် ယခုမှ ထုတ်ပြန်ရခြင်းဖြစ်သည်။
#abfsu #floodrelief #studentsmovement #studentsunion
ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဦးလှကွန့် (သို့မဟုတ်) ဦးလေးမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၁၁/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ ရက်
ဗကသများအဖွဲ့ချုပ် ၁၉၅၆ ခုနှစ် ကျောင်းသားခေါင်းဟောင်းတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှကွန့်သည် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ဗကသများအဖွဲ့ချုပ်အနေနှင့် အထူးပင် ဝမ်းနည်းမိပါသည်။
ဦးလှကွန့်သည် ဗကသများအဖွဲ့ချုပ်တွင်လည်း ကျရာနေရာမှာ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း မတရားဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်သည်။ ထို့အပြင် သူသည် သမိုင်းသုတေသီတဦးအဖြစ်လည်း ဆည်းပူးလေ့လာဝေမျှရင်း လူထုအထံ အသိပညာ ဖြန့်ဝေခဲ့သူဖြစ်သည်။
ဗကသများအဖွဲ့ချုပ်အနေနှင့် ဦးလှကွန့်၏ ဖြတ်သန်းမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် အသိပညာတ်ို့ကို ဂုဏ်ယူတန်ဖိုးထားရသည့်အပြင် ဦးလှကွန့် ကွယ်လွန်သွားခြင်းအတွက်လည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း ပြောကြားရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
#ABFSU
ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း တာရာ (ခ) ဘုန်းတာရာနွယ် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း
သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
ရဲဘော်တာရာသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗကသများအဖွဲ့ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်ခရိုင်တွင် အတွင်းရေးမှူးအဖြစ် ထမ်းရွက်ခဲ့သူဖြစ်သည်။
ရဲဘော်တာရာသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဩဂုတ်လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) မနက် ၈ နာခွဲအချိန်မှာ ကျဆုံးခဲ့ကြောင်း သိရသည်။
ရဲဘော်တာရာသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ခရီးလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းပြီး ကျရာနေရာတွင် တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်သည်နှင့်အညီ ရဲဘော်၏ ကျဆုံးမှုအတွက် ဗကသများအဖွဲ့ချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ဗကသများအဖွဲ့ချုပ်အနေနှင့် ရဲဘော်တာရာ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်တို့ကို လေးစားဂုဏ်ပြုပါကြောင်း ပြောကြားရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
LETTER OF CONDOLENCE AND SOLIDARITY
To: Nepal Students’ Union (NSU)
Our Comrades and Fellow Students,
We, All Burma Federation of Student Unions - ABFSU, alongside the students and people of Burma, extend our deepest condolences and heartfelt solidarity to the people of Nepal who are suffering from the devastating floods and landslides.
We mourn with the families who have lost their loved ones, and we stand with those who have lost their homes, livelihoods, and communities. We also share our deepest concern for those who remain missing and for all the communities struggling to survive in the aftermath of this disaster.
We appreciate the efforts of students, young people, volunteers, rescue workers, and local communities who have come together to help those affected. Such collective actions demonstrate the power of solidarity: when people stand together, they can protect and support one another even in the face of enormous adversity. Those who have contributed the least to environmental harm are often the ones who suffer its harshest impacts, and they are also the same people who come together, hand in hand, in times of struggle.
From Burma, we stand in solidarity with the people of Nepal during this difficult time. Although we are separated by borders, our shared humanity connects us. We believe that students and young people have an important role to play in building a society where people are protected, supported, and never left alone in times of crisis.
We mourn with you, we stand with the affected communities, and we stand with students who are working toward a more just, democratic, and resilient society.
We sincerely hope that the students of Nepal will be able to face and overcome these difficult and devastating times together with the people, build a truly people-centered democracy, and continue advancing along the path toward people’s liberation.
With our deepest sympathy and strongest solidarity,
Central Organizing Committee
All Burma Federation of Student Unions (ABFSU)
#abfau #solidaritywithnepalis #nepalflood
ရိုဟင်ဂျာဂျီနိုဆိုက်အောက်မေ့ဖွယ်နေ့ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ
(၂၅ ဩဂုတ်၊ ၂၀၂၆)
ရက္ခိုင်မြောက်ပိုင်း၊ ကော့(ဇ)ဘဇားဒုက္ခသည်စခန်းကြီးနှင့်
နိုင်ငံအတွင်းအပြင် ရုန်းကန်နေထိုင်နေရတဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာလူထုတရပ်လုံး ကျန်းမာဘေးကင်းပါစေကြောင်း ဦးစွာဆန္ဒပြုလိုပါတယ်။ ဒီနေ့ဟာ ရိုဟင်ဂျာဂျီနိုဆိုက်ကို ပိုပြီး အမှတ်ရကြရမယ့် နေ့တနေ့ဖြစ်ပါတယ်။
သမိုင်းတလျှောက်မှာ ရိုဟင်ဂျာတွေအနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာနဲ့ ဥပဒေရေးရာလိုကိစ္စရပ်တွေလို ဥပဒေဘောင်တွင်း ဖိနှိပ်မှုများကစလို့ နေ့စဉ်လူနေမှုဘဝမှာပါ ခွဲခြားဖိနှိပ်ခံရတာတွေ၊ ကန့်သတ်ခံရတာတွေ၊ လူအဖြစ်က လျှော့ချစဉ်းစားခံရတာတွေအထိ ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖိနှိပ်မှုတွေဟာ နောက်ဆုံးမှာတော့ လူသားသမိုင်းရဲ့ အကျည်းတန်ဆုံးဖြစ်ရပ်ဖြစ်တဲ့ ဂျီနိုဆိုက်လူမျိုးသုဉ်းသတ်ပွဲကြီးအထိ ရောက်ရှိသွားခဲ့ပါတယ်။ မိခင်ရှေ့မှာတင် နို့စို့အရွယ်ကလေးငယ်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။ ဒါတွေဟာ အခုချိန်ထိ မရပ်တန့်နေသေးပါ။
-
အရင် ၂၀၂၁ အလွန် ဒီလိုနေ့မှာဆိုရင် ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေက ရိုဟင်ဂျာလူထုကို စာနာကြ၊ တောင်းပန်ကြတဲ့ စကားသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို အဖိနှိပ်ခံလူနည်းစုနဲ့အတူ ရပ်တည်လိုတဲ့ စိတ်ဓာတ်တွေကို ဆက်လက်သယ်ဆောင်ရင်း ရိုဟင်ဂျာလူထုနဲ့အတူ ဆက်လက်ရပ်တည်ဖို့၊ နိုင်တဲ့နေရာက ကူညီကြဖို့၊ မတရားဖြစ်ရပ်တွေကို လက်ပိုက်ကြည့်မနေကြဖို့၊ နှုတ်ဆိတ်မနေဖို့ တိုက်တွန်းချင်ပါတယ်။
ဘာကြောင့်လဲဆိုရင် ရိုဟင်ဂျာတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေးနဲ့ လိင်ကို လက်နက်သဖွယ် အသုံးချခံရရင်း ဖိနှိပ်မှုများစွာကို ဆိုးဆိုးရွားရွား ရောယှက်ခံစားနေရတဲ့ ကမ္ဘာပေါ်မှာ လူအများဆုံးသော နိုင်ငံမဲ့အဖြစ် နေထိုင်နေရသူတွေ ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။
-
ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်လယ်ကနေ စက်မှုလုပ်ငန်းတွေမှာ လွတ်လွတ်လပ်လပ် ပါဝင်စီမံနိုင်ပြီး တခြားလူမျိုးတွေလိုပဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့အချိန်ထိ ဆက်လက်ချီတက်နိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီ့အတွက်ကိုလည်း နိုင်ငံရေးအင်အားစုအသီးသီးနဲ့ လူမျိုးပေါင်းစုံလူထုက ဝိုင်းဝန်းကူညီပေးကြရမှာ ဖြစ်ပါတယ်။ အခုလို စစ်အာဏာရှင်ကိုအမြစ်ဖြတ် ဒီမိုကရေစီခရီးလမ်းကို ချီတက်နေကြတဲ့ ကာလမှာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဘယ်လိုမတရားဖြစ်ရပ်မျိုး၊ ဖိနှိပ်မှုမျိုးတွေကိုမဆို ဝိုင်းဝန်းဆန့်ကျင်တွန်းလှန်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ လက်ရှိနဲ့မတူတဲ့၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်မျိုးကို ပိုင်ဆိုင်နိုင်ကြရမှာဖြစ်တယ်။ တော်လှန်ရေးအကျိုးစီးပွားဟာ လူထုအကျိုးစီးပွားပဲ ဖြစ်ပါတယ်။ လူထုနဲ့သက်ဆိုင်တဲ့ ဘယ်ပြဿနာကမှ နောက်ချန်ထားခံရဖို့ မသင့်ပါ။
ဂျီနိုဆိုက်ကို အဓိကကျုးလွန်ခဲ့တဲ့ မြန်မာစစ်အုပ်စုကတော့ အခုချိန်မှာ လေကြောင်းကိုပဲ အားပြုနေရတာဖြစ်သလို ရက္ခိုင်ဒေသမှာ သူတို့အနေနဲ့ စက္ကူကျား အဆင့်ကို ရောက်နေပါပြီ။ တဖက်မှာ အာရက္ခတပ်တော်ကလည်း တနေ့ထက်တနေ့ အာရက္ခအိပ်မက်နဲ့ နီးလာပါပြီ။
ရက္ခိုင်ဒေသမှာ ရာစုနှစ်ချီပျောက်ဆုံးနေတဲ့ လူ့အခွင့်အရေးတွေ၊ ကောင်းမွန်တဲ့ လူသားဆန်မှုတွေ၊ အောင်မြင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးတွေနဲ့ ရိုဟင်ဂျာလူထုအပါအဝင် ရက္ခိုင်ပြည်သူပြည်သား အားလုံးရဲ့ ကောင်းကျိုးချမ်းသာမှုကို အာရက္ခအိပ်မက်က ဖန်တီးပေးနိုင်ဖို့ကိုလည်း မျှော်လင့်မိပါတယ်။
-
အဆုံးသတ်တနေ့မှာ ရိုဟင်ဂျာအပါအဝင် အဖိနှိပ်ခံလူမျိုးစုအားလုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ လွတ်လပ်တဲ့ဒေသမှာ လွတ်လပ်တဲ့ လူမျိုးအနေနဲ့ နေနိုင်ဖို့နဲ့ အသွင်ကူးပြောင်းရေး၊ တရားမျှတမှုရှာဖွေရေး လုပ်ငန်းစဉ်မှာ အားလုံးနဲ့တန်းတူပါဝင်ပြီး တရားမျှတမှုကို အတူတကွ ရှာဖွေနိုင်ဖို့ လိုပါတယ်။ ဒါမှသာ တကယ်လွတ်မြောက်တဲ့ လူ့ဘောင်ကို ရောက်မှာပါ။ အားလုံးလွတ်မြောက်မှ တကယ်လွတ်မြောက်မှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာလူထု လွတ်မြောက်ပါစေ...
တိုးတက်သောမွတ်စ်လင်မ်အစည်းအရုံး - PMYA
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU
မြန်မာ့ဒီမိုကရေစီကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှု - DMD
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု - BMC
ဗကသမျိုးဆက်ရဲဘော်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမောင်မောင်ကျော် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်
အိုးဝေစာစောင် အတွဲ ၅၊ အမှတ် ၂
________________________________________
အိုးဝေစာစောင် အတွဲ ၅၊ အမှတ် ၂ ထွက်ရှိလာပါပြီ။ ဒီတခေါက်အိုးဝေ စာစောင်မှာတော့ ပညာရေး၊ အလုပ်သမားရေးနဲ့ အထွေထွေအကြပ်အတည်းဆိုင်ရာ၊ ဘုတလင်ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း အထိမ်းအမှတ်ဆောင်းပါးနဲ့ အခြား ဆောင်းပါးတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
အိုးဝေစာစောင် အတွဲ ၅၊ အမှတ် ၂ မှာ ဖော်ပြထားတဲ့ စာမူတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
တော်လှန်ရေးမှ အခြားမရှိ
မကြွေသောကြယ် မနွမ်းသောပန်း
တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက
ငွေကြေးဖောင်းပွမှုကြားက ဗမာပြည်အလုပ်သမားထု
ကျည်ဆံနဲ့ ဒဏ်ကြေးတွေအကြား လွန်ဆွဲနေရတဲ့ ကျောင်းသားနဲ့ မိဘတွေရဲ့ အခက်အခဲ
ပညာသင်ကြားခွင့်ကို ဘယ်သူတွေ ပိတ်ပင်ခွင့်ရှိသလဲ
သူတို့က သုံးယောက်မဟုတ်ဘူး တယောက်တည်းပဲ
အိုးဝေစောင်စောင်ကို အောက်ပါလင့်ခ်တွေကနေ တဆင့် ဒေါင်းလုတ်ရယူပြီး ဖတ်ရှုနိုင်ပါတယ်။
tinyurl.com/2a9dafc5 (ဒစ်ဂျစ်တယ်)
tinyurl.com/wdfv2uc5 (စာစောင်ထုတ်ဝေရန်)
အိုးဝေစာစောင်ကို လွတ်လပ်စွာ ပြန်လည်ထုတ်ယူဖြန့်ဝေနိုင်ပါတယ်။
#Oway #ABFSU #UYSU #Volume5Issue2
"ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း"
ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့တာ အခုဆိုရင် (၃၈) နှစ်တောင် ကြာခဲ့ပါပြီ။ ဒီအရေးတော်ပုံကြီးဟာဆိုရင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းကြောင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့ပြီး အခု ၂၀၂၁ နွေဦးတော်လှန်ရေးအတွက်လည်း သမိုင်းသင်ခန်းစာတွေ အများကြီးလက်ဆင့်ကမ်းနိုင်ခဲ့တဲ့ တော်လှန်ရေးတရပ်ဆိုလည်း ဟုတ်ပါတယ်။
ဒါကြောင့် (၃၈) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် "ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း" ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းမှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကြားက မတူညီကွဲပြားချက်တွေ၊ အရှေ့ရှေ့တော်လှန်ရေးတွေက သမိုင်းသင်ခန်းစာတွေနဲ့အတူ လက်ရှိတော်လှန်ရေးမှာ ဘာတွေလိုအပ်နေလဲ၊ ဘာတွေလုပ်ကြမလဲကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကမှတဆင့် ဒီနွေဦးတော်လှန်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုတွေကြားက ညီညွတ်ရေးတရပ်ကို မီးမောင်းထိုးပြပြီး ဒီညီညွတ်ရေးကို ဘယ်လိုဖော်ဆောင်ကြမလဲကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကိုတော့ သပိတ်ကော်မတီအင်အားစုကြီးတွေ ဖြစ်တဲ့ GSC ၊ GSCB ၊ GSCC ၊ GSCN နဲ့ AJMM တို့က ပူးပေါင်းစီစဉ်ထားပြီး GSC က မခင်နီ၊ GSCC က ကိုဆန်နီ နဲ့ GSCB က မချောစုစံတို့က ကိုယ်စားပြုဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ရက်စွဲ - ၇ ရက်၊ ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်
အချိန် - ည ၇ နာရီ (မြန်မာစံတော်ချိန်)
ညီညွတ်ရေးလက်နက်ကို တပ်ဆင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုတွေကြား တပ်ပေါင်းစုကြီးတရပ် တည်ဆောက်ဖို့က ဘုံရန်သူအမြစ်ဖြတ်ရေးအတွက် အရေးတကြီး လိုအပ်နေပါတယ်။
"ညီညွတ်ရေးဟာ အစွမ်းထက်ဆုံး လက်နက်"
General Strike Committee - GSC
General Strike Coordination Body - GSCB
General Strike Comittee of Nationalities - GSCN
General Strike Collaboration Committee - GSCC
Anti-Junta Mass Movement - AJMM
တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
သြဂုတ်လ ၅ ရက်၊ ၂၀၂၆
တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သတင်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါတယ်။
ဒီသင်တန် ကို တန့်ဆည်မြို့နယ်တနေရာမှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအချိန် ၁ လကြာခဲ့ပါတယ်။ ၁ လကြာတဲ့နောက်မှာတော့ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
သင်တန်သားဦးရေ ၃၅ ဦးခန့်ကို သင်တန်းပေးနိုင်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲမှာ ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သူ ၃၃ ဦး ရှိပါသည်။ အောင်မြင်သူတွေထဲကမှ အမှတ်အများဆုံး သုံးဦးကို ဆုချီးမြှင့်ခဲ့ပြီး ဆုရရှိသူတွေက သင်တန်းဆင်းပွဲ အမှတ်တရစကား ပြောခဲ့ကြပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU























































